January 2, 2025, 3:27 am
You must be 18 years or older to enter this site.
Stiva & Indica ဆိုတာဘာလဲ ?
Stiva & indica ဆိုတာ ဆေးခြောက်ပင်ရဲ့ အဓိကကျတဲ့ အမျိုးအစားနှစ်မျိုးဖြစ်တယ် ။
Stiva & Indica က သောက်သုံးသူအပေါ် မတူညီတဲ့ အကျိုးသက်ရောက်မှုတွေ သူတို့ထဲမှာပါတဲ့ ဒြပ်ပေါင်းစုခြားနားခြင်းနှင့့်ကွဲမတူကွဲပြားခြားနားနေကြပါတယ် ။
Stiva
ကျနော်တို့ local မှာ မြင်နေကြ Mango (myanmar) တို့ BOB (bangladesh) တို့ Green Crack (Thai) တို့က stiva မျိုးနွယ်စုတွေဖြစ်ကြတယ် stiva အပင်ပုံစံတွေက ရှည်မျောမျော ပုံစံ အပင်မြင့်မြင့် ပုံစံမျိုးတွေတွေ့ရမှာဖြစ်တယ်။ သောက်သုံးလိုက်တဲ့အချိန်မှာလဲ ဦးခေါင်းပိုင်းမှာသာ ဟိုက် နေမှာဖြစ်တယ် ၊ ပျောက်ကုန်ပြီး လွတ်ထွက်သွားတဲ့ ခံစားချက်မျိုးကိုပေးစွမ်းတယ် ၊အင်အားတွေပြည့်နေသလိုခံစားရမယ် ၊ ဖန်တီးနိုင်စွမ်းတွေ စကားပြောနိုင်စွမ်းတွေ အကြံတွေထွက် မယ်ပေါ့ဗျာ ၊Thc ပါဝင်မှုမြင့်မယ်။စိတ်ဓာတ်ကျခြင်း၊စိတ်ပူပန်ခြင်းကဲ့သို့ စိတ်ပိုင်းဆိုင်ရာ ကုထုံးတွေမှာ stiva ကိုအသုံးပြုလေ့ရှိကြပါတယ် ။
စိုက်ပျိုးရေးမှာလဲ စိုက်ပျိုးချိန် ကြာမြင့်ပါတယ် ။
Indica
Indica ကဆိုရင် hindu kush တို့ granddaddy purple တို့ OG Kush တို့ပေါ့ဗျာ။သူ့အပင်ပုံစံကျတော့ ပုပု ချုံပုတ်လိုဖြစ်နေတတ်ကြပြီးအရွက်ပြန့်ပြန့်စိတ်စိတ်ပုံစံလေးတွေရှိကြတယ် ။ သောက်သုံးလိုက်တဲ့အချိန်မှာလဲ ကိုယ်ခန္ဓာပိုင်းမှာသာ ဟိုက် စေတယ် ကမ်းခြေမှာ ညပိုင်းလေး အေးဆေးလေး chill လို့ကောင်းတဲ့ပုံစံမျိုးလေးပေါ့ ၊ ခန္ဓာကိုယ်သက်တောင့်သက်သာဖြစ်စေတယ် ၊ ကောင်းကောင်းအိပ်စက်အနားယူဖို့သင့်တော်တယ်၊သူ့စီမှာ သစ်သီးအနံ့လိုလို မြေသင်းနံ့လိုလိုတွေရှိမယ်။ နာကျင်မှုတွေ ရောင်ရမ်းခြင်းတွေကို သက်သာစေဖို့ သုံးကြတယ် ၊လေးဖက်နာသမားတွေလို အစစ်အမြစ်တွေနာတာမျိုးတွေနဲ့ ကင်ဆာဝေဒနာသမားတွေလို နာကျင်မှုတွေကို သက်သာပျောက်ကင်စေဖို့ indica ကိုအသုံးပြုကြတယ်။
စိုက်ပျိုးချိန်မှာလဲ stiva ထက်ပိုမိုတိုတောင်းပါတယ်။
Indica နှင့် Stiva ဆိုပြီး မျိုးရိုးဗီဇ ကွဲပြားခြားနားမှု ဒြပ်ပေါင်းများခြားနားခြင်းများကို ပြင်သစ်သဘာဝပညာရှင် Jean-Baptiste Lamarck က 1700 ခုနှစ်များမှာ နှစ်ခုကြား ခြားနားချက်ကို ပထမဆုံးရှာဖွေတွေ့ရှိခဲ့ကြသည်။
Required fields are marked *
0 Comments